Posts

Showing posts from March, 2017

I think this one hundred words is very important for humna ☝🏻✋🏻✋🏻

" မှတ်သားထိုက်တဲ့စကား (၁ဝဝ) " """"""""'''""""""""""""""""""""""""""""""""" ၁။ အတင်းမပြောပါနဲ့။ ၂။ အရေးကြီးတဲ့ကိစ္စတွေမှာ ကလေးဆန်စွာမဆုံးဖြတ်ပါနဲ့။ ၃။ သင့်ဘဝကို အပြစ်မတင်ပါနဲ့။ ၄။ အမှန်တရားကို ဖုံးကွယ်မထားပါနဲ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၅။ အသိအမှတ်ပြုသင့်တဲ့အရာတွေကို ဥပက္ခာမပြုပါနဲ့။ ၆။ သူတစ်ပါးရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော်မပြောပါနဲ့။ ၇။ အရေးကြီးကိစ္စတွေကို မက်ဆေ့ဂ်ျပို့ပြီး အကြောင်းမကြားပါနဲ့။ ၈။ လုပ်နိုင်တယ်ဆိုတိုင်း လုပ်သင့်တယ်မထင်ပါနဲ့။ ၉။ မကောင်းတဲ့အမူအကျင့်တွေကို ဆုပ်ကိုင်မထားပါနဲ့။ ၁ဝ။ အခွင့်အရေးကောင်းတွေကို လက်လွှတ်မခံပါနဲ့။ ၁၁။ ဘာကိစ္စပဲဖြစ်ဖြစ် ရေတိုမတွေးပါနဲ့။ ၁၂။ အဆိုးနောက်မှာ အကောင်းရှိတာမမေ့ပါနဲ့။ ၁၃။ အကောင်းဆုံးတွေကို မျှော်လင့်နေချိန်မှာ အဆိုးဆုံးတွေအတွက် ပြင်ဆင်ထားဖို့လည်း မမေ့ပါနဲ့။ ၁၄။ ဘဝထဲ

ရိပ်ခနဲ ရိပ်ခနဲ မူးသွားတာ ဘာကြောင့်လဲ?😥

ထိုင်နေရာကနေ ရုတ်ခနဲ ထလိုက်ရင် ရိပ်ခနဲ မိုက်ခနဲ ခေါင်းမူးပြီး လူက ယိုင်သွားတာမျိုး လူအတော်များများ ကြုံဖူးကြ လိမ့်မည်။ ထိုသို့ ဖြစ်ခြင်း သည် သိပ်မစိုးရိမ် လောက်သော ကျန်းမာရေး ပြဿနာ ဖြစ်သော်လည်း သူ့နောက် ဆက်တွဲများကား စိုးရိမ်စရာရှိ သဖြင့် ထိုသို့ ဖြစ်ပါများလာ လျှင်တော့ မပေါ့ဘဲ ဂရုစိုက်ကြဖို့ လိုမည်။ အဲဒီလိုဖြစ်တာဟာ ခန္ဓာကိုယ် စနစ်မှာ တစ်ခုခု မှားနေပြီ ဆိုတာ ပြလိုက်တာပဲ ဟု အမေရိကန် နယူးဂျာစီ ပြည်နယ် ချက်စတာမြို့ရှိ ဆဖိုင်းယား အမျိုးသမီး ကျန်းမာရေး စင်တာမှ ဒေါက်တာ ဒေါ်နီကာမိုးက ပြောသည်။ အထူးသဖြင့် အသက်ကြီးသူ များမှာ ဖြစ်တတ်သည်။ ဆေးဝါးများ သောက်သုံး ရာမှ ဘေးထွက် ဆိုးကျိုး ဖြစ်တတ် သလို၊ အသက်ကြီး လာလို့ ခန္ဓာကိုယ်မှာ အပြောင်းအလဲ ဖြစ်လာ ခြင်းကြောင့်လည်း မိုက်ခနဲ မူးခနဲ ဖြစ်သွား တာမျိုး ကြုံရတတ်သည်။ မူးခနဲ မိုက်ခနဲ ဖြစ်သွားခြင်း သက်သက်ကား သိပ်စိုးရိမ်စရာ မရှိသော်လည်း အမြင့် တစ်နေရာရာတွင် ရပ်နေချိန် မိုက်ခနဲ ဖြစ်သွားပါက ပြုတ်ကျခြင်းကြောင့် ထိခိုက် ဒဏ်ရာရခြင်း မှသည် အသက် အန္တရာယ် ထိပါ စိုးရိမ်ရသည့် နောက်ဆက်တွဲများ ကိုကား သတိထားရမည်ဟု ဒေါက်တာ မိုးက ပြောသည်။ မူးခနဲ မိုက်ခနဲ ဖြစ်သွားလျှင် ဦးဆုံး လုပ်

ဒီလိုတွေဖြစ်လာရင် ထွက်စာတင်လိုက်ပါ😌

လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်ကြောင့်ပဲဖြစ်ဖြစ် ၊ မန်နေဂျာကြောင့်ပဲဖြစ်ဖြစ် ၊ အလုပ်ရှင်ကြောင့်ပဲဖြစ်ဖြစ် စိတ်မချမ်းမြေ့တာတွေ ကြုံဖူးကြမှာပါ။ အလုပ်ထဲမှာ စိတ်မပျော်ဖြစ်လာတဲ့အတွက် အလုပ်ထွက်သင့်ပြီလား ၊ အတွေ့အကြုံရအောင် ဒီအလုပ်ပဲ ဆက်လုပ်ရဦးမှာလား စသဖြင့် စိတ်ဒွိဟတွေလည်း ဖြစ်တတ်ကြပါတယ်။ ကဲ . . ဒီအချက်တွေနဲ့ ကိုက်ညီမယ်ဆိုရင် အလုပ်ထွက်သင့်ပါပြီ။ ကိုယ့်ဘက်မှနေပြီး တာဝန်ကျေပွန်အောင် ကိုယ်စွမ်း ၊ ဥာဏ်စွမ်းရှိသလောက် စွမ်းဆောင်တယ် ၊ အလုပ်ရှင်ဘက်နေ ကိုယ့်စွမ်းဆောင်ရည် ၊ ကြိုးစားမှုကို အသိအမှတ်မပြုဘူး ၊ ဖော်လံဖားတွေကိုပဲ နေရာပေးနေမယ်ဆိုရင် အလုပ်ထွက်သင့်ပါပြီ။ တစ်ခါတစ်လေ ကိုယ့်မှာရှိတဲ့ စွမ်းဆောင်ရည်ကို လုပ်ငန်းခွင်မှာ ချပြလို့မရတဲ့ နေရာမျိုးမှာဆိုရင်လည်း အလုပ်ထွက်သင့်ပါတယ်။ လုပ်ငန်းခွင်မှာ အခက်အခဲဆိုတာ ရှိကြစမြဲဖြစ်ပါတယ်။ ကိုယ့်တာဝန်ကို စိတ်ပါဝင်စား လုပ်နေမယ်ဆိုရင် အခက်အခဲတွေ ဖြေရှင်းရတာကို ပျော်ရွှင်ကြပါတယ်။ ဒါပေမယ့် ခေါက်ရိုးကျိုးလုပ်ငန်းတွေကိုပဲ ထပ်ခါထပ်ခါ လုပ်နေရပြီဆိုရင် ဝန်ထမ်းတွေဟာ ပျင်းရိလာတတ်ကြပါတယ်။ မြန်မာကုမ္ပဏီတွေမှာဆိုရင် လုပ်ငန်းခွင်စွမ်းဆောင်ရည် တိုးတက်ဖို့အတွက် ဝန်ထမ်းတွေကို Traini

ကျွန်တော်လည် အဲ့လိုလူစားမျိုးလား ?😌☝🏻

" ​ယောက်ျား​တွေက ​ယောက်ျား​တွေပါပဲ " တစ်​​နေ့မှာ... မိန်းမတစ်​​ယောက်​က... သူမ ဘယ်​သွားတယ်​ဆိုတာ မ​ပြောဘဲ ထွက်​သွားခဲ့လျင်​ သူ့ ​ယောက်ျားက ဘယ်​လို တုံ့ပြန်​မလဲဆိုတာကို သိချင်​​နေတယ်​။ ဒါနဲ့ စာတစ်​​စောင်​ ​ရေးလိုက်​တယ်​။ "ငါ နင့်​ကို စိတ်​ပျက်​​နေပြီ၊ နင်​နဲ့ အတူ မ​နေချင်​​တော့ဘူး" တဲ့။ အဲ့လို​ရေးပြီး စာကို အိပ်​ခန်းထဲက စားပွဲတစ်​လုံး​ပေါ်မှာ တင်​ထားလိုက်​တယ်​။ သူမက​တော့ ကုတင်​​အောက်​ ဝင်​ပြီး ပုန်း​နေလိုက်​တယ်​။ ​ယောက်ျားဖြစ်​သူက ပြန်​လာတယ်​။ စာကို ​တွေ့တယ်​။ ဖတ်​ကြည့်​တယ်​။ အဲ့စာရွက်​​ပေါ်မှာပဲ တစ်​စုံတစ်​ခု ပြန်​​ရေးထားလိုက်​တယ်​။ ပြီး​တော့... သီချင်းဆိုတယ်​။ ကတယ်​။ အဝတ်​လဲ ​နေတယ်​။ ​နောက်​... တစ်​စုံတစ်​​ယောက်​ဆီ ဖုန်း​ခေါ်တယ်​။ " ​ဟေး... အချစ်​၊ ငါ အခု အဝတ်​အစားလဲ​နေတယ်​။ မင်းနဲ့ ​တွေ့ရ​အောင်​​လေ။ ​နောက်​ဆုံး​တော့ ငါ သူ့ကို တဖြည်းဖြည်း သ​ဘော​ပေါက်​လာပါပြီ။ ငါ သူနဲ့ တွဲခဲ့တာ​တွေက ပြီးသွားပါပြီ။ ငါ မှားခဲ့တာပါ... သူမကို လပ်​ထပ်​ခဲ့တာ ငါ့ရဲ့ တကယ့်​ အမှား​တွေပါကွာ။ မင်းကိုသာ ငါ့ရဲ့ ပထမဆုံးသူ ဖြစ်​​စေချင်​ခဲ့တာပါ။ ခဏ​နေ ​တွေ့မယ်​​နှော်​ ဟန်​နီ..